ဘဝများကို နားထောင်ခြင်း

ကျွန်တော်က လှလည်းလှ ကျန်းမာရေးနဲ့လည်းညီ –
ကျွန်တော့်ရဲ့ ကလေးတွေလည်း
နှစ်သက်မယ့် ပစ္စည်းတွေ လုပ်ပေးချင်ခဲ့တယ်။

Jocelyn နှင့် Robert Rahm၊ Beam & Anchor ၏ ပူးတွဲ မနန်နေဂျာများ ၎င်းတို့၏ အမွှာကလေးများသည် ၎င်းတို့ဘဝ၏ အဖိုးတန်
ရတနာလေးများဖြစ်ပြီး အရာအားလုံးသည် ၎င်းတို့အပေါ် စိတ်ဝင်စားမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အပေါ်ထပ်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေက ကလေးတွေ ရလာကတည်းက ကျွန်တော့်မှာ ရှိလာခဲ့တဲ့ စိတ်လှုပ်ရှားမှုတစ်ခုကို အခြေခံထားပါတယ်

Robert : ကလေးတွေနဲ့ပတ်သက်ပြီး ကျွန်တော် စလုပ်တဲ့ ပရိဘောဂပစ္စည်းအတော်များများက မူရင်း ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ သူတို့ရဲ့ မှန်တင်ခုံတွေက သူတို့ ကလေးဘဝတုန်းက အဝတ်လဲတဲ့ စားပွဲခုံတွေအဖြစ် စပြီး သုံးလို့ရအောင် လုပ်ထားတာ။ ပြီးမှ ခုလိုပုံစံဖြစ်အောင် ပြောင်းလိုက်တာ။ ဒီတော့ အဲဒါတွေက သူတို့ ငယ်ငယ်က ဒိုင်ပါပေါင်းများစွာကို လဲပေးတဲ့အခါ သုံးခဲ့တဲ့ အဝတ်လဲတဲ့ စားပွဲတွေပေါ့။ ခုတော့ အဲဒီစားပွဲတွေက ခုလိုမျိုး မှန်တင်ခုံဖြစ်သွားတာပေါ့။ သူတို့ ဒါကို သိမ်းထားမယ်လို့ ကျွန်တော်တော့ မျှော်လင့်တာပဲ။
သူတို့ရဲ့ အိပ်ယာတွေလည်း အတူတူပဲ။ သူတို့သုံးနေတဲ့ ပစ္စည်းတွေလိုပဲ အရာအားလုံး တကယ့်ကို သဘာဝကျကျနဲ့ သူတို့ အိပ်ဖို့ ကျွန်တော် လုပ်ပေးထားတဲ့ အိပ်ရာမျိုး သူတို့ဆီမှာ ရှိစေချင်ပါတယ်။ သူတို့ အိပ်ရာလိုမျိုးပေါ့။ အထဲမှာ အထပ်သားတွေ မခံထားဘူး။ အဲဒီလို ကော်မျိုးတွေ ကျွန်တော်လည်း မကြိူက်တဲ့အပြင် အဲဒါမျိုးက ကုန်ချောထည်လည်း ဖြစ်တယ်လေ။ ဒါက တကယ့်ကို စကန်ဒီနေးဗီယား အချောထည်ပစ္စည်းပါ။ ဒီတော့ ဆီတို့ ဘာတို့ ဘာမှ သုတ်လိမ်းမထားဘူး။ သူတို့အတွက် တကယ့်ကို သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပစ္စည်းမျိုးကို ကျွန်တော် လိုချင်တာပါ။

သူတို့အတွက် ကျွန်တော်ကိုယ်တိုင် ကောင်းကောင်း လုပ်ပေးနိုင်တဲ့, အရာမျိုးကို သေချာလုပ်ပြီး ပေးချင်တာ။

Robert : ကျွန်တော်ထင်တာကတော့ အဲဒီ (တကယ့်ကို မရှိမဖြစ် လိုအပ်တဲ့) အပိုင်းက ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့အရာ – ဥပမာ ကျွန်တော့်ရဲ့ အတွေး၊ စွမ်းရည်၊ စိတ်ကူး ဒါမျိုးပါဝင်နေတဲ့ တစ်ခုခုကို သူတို့အတွက် အကောင်းဆုံး လုပ်ပေးချင်တာလို့ ထင်တယ်။ ခင်ဗျား သိလား။ အရင်တုန်းက အဲဒီလို လုပ်ပေးတာရဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပေမဲ့ ကျွန်တော့်အတွက်က အရမ်းကို အဓိပ္ပါယ်ရှိတယ်။ အဲဒါက အဓိက အကြောင်းရင်းခံလို့ ကျွန်တော် ထင်တယ်။

Jocelyn : အဲဒါက အနာဂတ်အတွက် အများကြီးတွေးပြီး မျှော်လင့်ထားတာတွေထဲက တစ်ခုပါပဲ။ မျှော်လင့်ချက်တွေ ရှိနေတဲ့ အရာတစ်ခု အတွက်လေ။ ကျွန်မတို့ရဲ့ ကလေးတွေ အရွယ်ရောက်ဖို့အတွက် အဲဒါက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ မျှော်လင့်ချက်ကတော့ ကျွန်မတို့ မေတ္တာနဲ့ ပြုလုပ်ပေးထားတဲ့ အရာတစ်ခုအပေါ် တစ်နေ့နေ့ သူတို့ တွေးခေါ်တတ်လို့ အဲဒါကို သတိမူမိပြီး ကျေးဇူးတင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါပ။ ဒါပေမဲ့လည်းလေ ရှင်တို့ဆိုလည်း သေချာ မသိပေမဲ့ လုပ်ပေးလိုက်တာပဲမှတ်လား။ ဒါက သူတို့နဲ့အတူ ယူသွားမယ့် တစ်ခုခုလည်း ဖြစ်မှာပဲလို့ ရှင်တို့ မျှော်လင့်ထားမှာပါ။

အော်ဂဲနစ်နည်းနဲ့ ကြီးထွားလာတဲ့၊ ကြင်ကြင်နာနာနဲ့ ပြုစုပေးထားတယ်လို့ ကျွန်တော်တို့ သိထားတဲ့ ဒေသထွက် အစားအစာတွေ၊ ရာသီပေါ် အစားအစာတွေကို ကျွန်တော်တို့ စားချင်တာပဲလေ။

Robert : အင်း.. ကျွန်တော်ပြောချင်တဲ့ တစ်ခုတည်းသော အရာက ကျွန်တော်တို့ရဲ့ ကလေးတွေ ကျွန်တော်တို့နဲ့ အမြဲအတူလိုက်ပါလာပြီ ဆိုတဲ့အခါကျတော့ သူတို့တွေက ပိုပြီး အရေးကြီးလာပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက်က အမြဲ အရေးကြီးပါတယ်။ ဒါပေမဲ့ သူတို့ကို မွေးပြီးနောက်ပိုင်းကျတော့ ပိုပြီးတော့ အရေးကြီးလာပါတယ်။ ကျွန်တော့်အတွက်ကတော့ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်ခွင့် ရှိစေဖို့ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ပိုက်ဆံ နည်းနည်းတော့ ပိုကုန်ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်ဟာ အရေးပါနေသရွေ့တော့ ကုန်ရကျိုး နပ်ပါတယ်လေ။

Jocelyn : ကျွန်မတို့ ကလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျွန်မတို့ရဲ့ တစ်စတစ်စ အိုမင်းမစွမ်းဖြစ်လာတဲ့ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ရာမှာ အစားအသောက်အတွက် ပိုက်ဆံတွေ ပိုပြီး အကုန်ကျခံပါတယ်။ ပြီးတော့ အဲဒီ အစားအစာတွေကို စိုက်ပျိုး ထုတ်လုပ်ဖို့အတွက် ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ဒုက္ခမပေးတဲ့ အရာအတွက်လည်း ပိုက်ဆံသုံးပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို ကျွေးမွေးနိုင်မယ့် ရင်းမြစ်တွေ ရှိနေတာ တကယ့်ကို အတော်လေး ကံကောင်းတယ်လို့ ခံစားရပါတယ်။
ကျွန်မတို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကမ္ဘာမြေကြီးအတွက်လည်း အကျိုးဖြစ်စေတဲ့ နည်းလမ်းနဲ့ စိုက်ပျိုး ပြုစု ပျိုးထောင်ထားတဲ့ အစားအစာတွေ စားခွင့်ရတဲ့ အခွင့်အရေးတစ်ခုပါ။ သေချာတာကတော့ အရေးကြီးတာကိုပဲ ချုပ်ပြီး ပြောရမယ်ဆိုရင် တဖြည်းဖြည်းနဲ့ သေချာလာတာက သိပ်ပြီး သေချာတာက ကမ္ဘာကြီး ပူနွေးလာတာနဲ့ပတ်သက်လို့ နောက်ကြောင်းပြန်လှည့်နိုင်ဖို့ အလားအလာမရှိတဲ့ ပြဿနာတစ်ရပ်နဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။ …

Robert : ပင်လယ် သမုဒ္ဒရာကြီးအပေါ် သက်ရောက်မှုတွေလေ။

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept