ဘဝများကို နားထောင်ခြင်း

အရေးအကြီးဆုံးက ကျွန်မက မိခင်တစ်ယောက်ပါ။

Anna Margaret သည် ကျင့်ဝတ်နှင့်ညီပြီး ရေရှည်အကျိုးဖြစ်ထွန်းစေသည့် အလေ့အထများကို အသုံးပြုသည့် အမျိုးသမီး ဒီဇိုင်နာများနှင့် အတူ
အွန်လိုင်း ဖက်ရှင်စတိုးကို စီမံခန့်ခွဲနေသူဖြစ်ပါသည်။

ကျွန်မအနေနဲ့ မိခင်တစ်ယောက်ရဲ့ လူနေမှုဘဝပုံစံအတိုင်း နေထိုင်ရပါတယ်။

ကလေးတွေကို ပြုစုပျိုးထောင်ခြင်းဟာ တကယ့်ကိုအရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေဟာ ကျွန်မတို့ရဲ့ အနာဂတ်တွေပါ – သူတို့လေးတွေဟာ ကျွန်မတို့ကမ္ဘာကြီးမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးမယ့် နောက်မျိုးဆက်တွေဖြစ်လာမှာပါ။ နောက်ပြီး ကလေးတွေကို ပြုစုပျိုးထောင်ရတာက အရမ်းပျော်စရာကောင်းပါတယ်။ ကျွန်မအနေနဲ့ မိသားစု အရေးကိစ္စတွေ လုပ်ဆောင်ရတာနဲ့ သူတို့လေးတွေရဲ့ ပင်ကိုအရည်အသွေးတွေ သိသာထင်ရှားလာတာကို မြင်ရတာ တကယ့်ကို စိတ်ကြည်နူးပျော်ရွှင်ရတယ်။
ဒါကြောင့် ကျွန်မရဲ့ အကြီးကလေးနှစ်ယောက် အတော်လေးငယ်သေးတဲ့ အချိန်မှာ ကျွန်မတို့ သဘာဝတရားကို ခံစားနိုင်တဲ့၊ အရမ်းကို လွတ်လပ်မှုရှိတဲ့ လူ့အသိုင်းအဝိုင်းလည်းရှိပြီး နည်းများစွာနဲ့ တိုးတက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်လိုတာကြောင့် ဒီကို ပြောင်းလာခဲ့ကြတယ်။ ကျွန်မတို့ ပြင်ပကမ္ဘာမှာ အချိန်တော်တော်များများ ကုန်ဆုံးဖို့ ကြိုးစားတယ်။ TV ရှေ့မှာ အချိန်မဖြုန်းချင်ဘူးလေ။ တောင်တန်းတွေ၊ သစ်တောတွေ၊ လယ်ကွင်းတွေနဲ့ သဲကန္တာရတွေမှာ မြင်တွေ့ခံစားရမယ့် အရာတွေကို လေ့လာစူးစမ်းတယ်။ ကျွန်မ အပျော်ခြေလျင်ခရီးထွက်တာလိုမျိုး လှုပ်လှုပ်ရှားရှားအရာတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။

ကျွန်မနဲ့ ကျွန်မကလေးတွေက သက်သတ်လွတ်သမားတွေပါ။ အဲဒါက ကျန်းမာရေးပိုကောင်းစေပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း ပိုမိုကောင်းမွန်စေတယ်လို့ ကျွန်မထင်တယ်။

ကျွန်မအနေနဲ့ သက်သတ်လွတ်စားကို စားရမယ်လို့ မသတ်မှတ်ပါဘူး။ ကျွန်မကလေးတွေ အသားကို စမ်းစားကြည့်ချင်တယ်ဆိုလည်း ရပါတယ်။ ဒါပေမဲ့ အခုထိတော့ သူတို့တွေ အသားမစားရတာကို သဘောကျကြပါတယ်။ သက်သတ်လွတ်စားတာက သဘာဝပတ်ဝန်းကျင်အတွက် ပိုကောင်းစေတယ်လို့ ထင်တဲ့အတွက် ဒါက ကျွန်မရဲ့ အဓိက အကြောင်းရင်းတစ်ခုလို ဖြစ်နေတာပါ။
ကျွန်မတို့တွေ နွေရာသီတိုင်းမှာ ဥယျာဉ်စိုက်ပျိုးဖို့ ကြိုးစားကြတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပဲပိုးတီ၊ သခွားဖရုံနဲ့ ဟင်းသီးဟင်းရွက်ပင် မျိုးစုံကို စိုက်ပျိုးကြတယ်။ ကျွန်မကလေးတွေကို ခြံထွက်သီးနှံတွေ ကိုယ်တိုင်ရွေးချယ်ခွင့်ပေးတယ်။ ဒါမှ သူတို့လေးတွေ အဲဒါတွေကို စားကြည့်ချင်လာမယ်လို့ ထင်တယ်လေ။ ကလေးအများစုလိုပဲ သူတို့ကလည်း ဟင်းသီးဟင်းရွက်တွေကို သိပ်မကြိုက်ကြပါဘူး။
အများအားဖြင့် ခြံစိုက်ပျိုးသူတွေ ကိုယ်တိုင်ရောင်းချတဲ့ ဈေးတွေမှာ ပိုပြီးလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သီးနှံမျိုးစုံကို တွေ့နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အကြာကြီး ပို့ဆောင်ရတာ မဟုတ်တဲ့အတွက် ရှင်ရရှိတဲ့ အသီးအရွက်တွေဟာ လတ်လတ်ဆတ်ဆတ်ပဲဆိုတာကို သိနိုင်ပါတယ်။ ဘာမဆို ကိုယ်တိုင်သွားကြည့်လိုက်ရမှာ ကျွန်မက ကြိုက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက အနီးအနားမှာရှိတဲ့ နေရာတစ်ခုကနေ ရောက်လာတယ်ဆိုတာ သိနိုင်တာ တကယ့်ကို ကောင်းတယ်လို့ ထင်ပါတယ်။ နောက်ပြီး အဲဒီနေရာမှာ စိုက်ပျိုးကြတဲ့ ဒေသခံတွေကို ကူညီပံ့ပိုးပေးနိုင်တာလည်း ကောင်းမွန်ပါတယ်။
ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်လေလေ ပိုပြီးချို၊ ပိုပြီး အရသာရှိလေပဲလေ။ ဒီရာသီအတွင်း ခြံစိုက်ပျိုးသူတွေ ကိုယ်တိုင်ရောင်းချတဲ့ ဈေးတွေမှာ ရောင်းချတဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးက တကယ့်ကို ကောင်းမွန်ပါတယ်။ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေ သီးနှံတွေ တစ်ခုမဟုတ် တစ်ခုကို အမြဲတွေ့နိုင်ပါတယ်။

ကျွန်မတို့ရဲ့ အိမ်ကို ကလေးတွေအတွက် နေလို့လည်းကောင်း ထူးထူးခြားခြားနဲ့ လှလှပပလေးလည်း ဖြစ်အောင် ထားပါတယ်။

ကျွန်မရဲ့ လက်တွဲဖော်နဲ့ ကျွန်မတို့ နှစ်ယောက်လုံးဟာ ခရီးသွားရတာကို အရမ်းကြိုက်ပါတယ်။ အာရှမှာရှိတဲ့ ကျွန်မတို့ မိသားစုဆီလည်း သွားလည်ပတ်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မတို့ နွေရာသီတစ်လ သွားနေခဲ့ပြီး သိပ်မကြာသေးခင်လေးတင်ကမှ ပြန်ရောက်ခဲ့ပါတယ်။ ပြီးတော့ ခရီးသွားတဲ့အခါတိုင်းလည်း အပြန်လက်ဆောင်ပစ္စည်းတွေ ယူလာတတ်ပါတယ်။ ဒါကြောင့် ကျွန်မအိမ်က ကော်ဇော၊ အဝတ်အထည်တွေ အားလုံးဟာ ခရီးသွားရင်း တွေ့ပြီး ဝယ်လာခဲ့တာတွေပဲ ဖြစ်ပါတယ်။
အိမ်ထောင် ပရိဘောဂ အများစုကလည်း လေဟာပြင်ဈေးက ပစ္စည်းနဲ့ အဘိုးနဲ့ အဘွား သုံးခဲ့တဲ့ ပစ္စည်းတွေ ဖြစ်ပြီး တစ်ခုစီဟာ အမှတ်ရစရာဖြစ်စေတဲ့ တန်ဖိုးရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒီနေရာလေးဟာ သဘာဝကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် အပြင်ထွက် လည်ပတ်သလို ခံစားမှုမျိုးကို ခံစားလို့ရအောင် ထားချင်ခဲ့ပါတယ်။ ဒါကြောင့် အပင်တွေအများကြီး စိုက်ထားပါတယ်။ အပင်တွေဟာ အောက်စီဂျင်ထုတ်လွှတ်ပေးနိုင်စွမ်း ကောင်းပါတယ်။ အပင်တွေက လေကို သန့်ရှင်းပေးတဲ့အတွက်ကြောင့် အိမ်မှာ အပင်တွေ များများရှိတာကို ကြိုက်နှစ်သက်ပါတယ်။ တစ်ခါတစ်လေတော့ တောက်ပြောင်လွန်းတယ်လို့ ခံစားမိရင် တချို့ ပစ္စည်းတွေကို ဖယ်ရှားလိုက်တာတို့၊ နေရာ အပြောင်းအလဲ လုပ်တာတို့တွေလဲ ရှိပါတယ်။ ဒါပေမဲ့ ဒီအရာတွေရဲ့ တန်ဖိုးက မပြောပလောက်ပေမဲ့ တကယ် အသုံးဝင်ပါတယ်။ အကယ်၍ ပစ္စည်းပေါ်ကို တစ်ခုခု ဖိတ်စဉ်တာမျိုး ရှိရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်ခံယူချက်နဲ့ လိုက်ပြီး တန်ဖိုး ရှိတတ်တဲ့ အရာမျိုးပါ။ ဒါကြောင့် မတူတဲ့နေရာတွေမှာ ပစ္စည်းတွေ ရှာဖွေတာဟာ ကောင်းတယ်လို့ ထင်ပါတယ်။ တန်ဖိုးကြီးဖို့ မလိုပါဘူး။ လေဟာပြင်ဈေးက ဝယ်လာတဲ့ဟာလည်း ဖြစ်နိုင်သလို တစ်ပတ်ရစ်ပစ္စည်း ရောင်းတဲ့နေရာက ဝယ်လာတဲ့ဟာလည်း ဖြစ်နိုင်ပါတယ်။

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept