ဘဝများကို နားထောင်ခြင်း

စည်းကမ်းရှိခြင်းက ကျွန်တော့်ကို
တိုးတက်ပြောင်းလဲစေပါတယ်။

Nate Higgins သည် သစ်သီးဖျော်ရည် အရောင်းဆိုင်ခွဲများကို ဦးစီးလုပ်ကိုင်နေသူဖြစ်ပါသည်။
သူ့အတွက် အရေးအကြီးဆုံး အရာများမှာ တောထဲတွင် နေထိုင်ပြီး ပြေးဖို့သာ ဖြစ်ပါသည်။

တကယ့် စည်းကမ်းက သင့်ရဲ့အချိန်ကို အကောင်းဆုံး ချိန်ညှိပြီး အလုပ်ပိုပြီးအောင် လုပ်တာပါပဲ

ကျွန်တော့်အတွက်က စည်းကမ်းဆိုတာ နေ့စဉ် အရေးအကြီးဆုံး ဖြစ်ပါတယ်။ တကယ့် လွတ်လပ်မှုဆိုတာ လုပ်နေကျ အရာတွေကနေတစ်ဆင့် သင့်ရဲ့ အချိန်ကို အကောင်းဆုံး ချိန်ညှိနိုင်အောင်၊ ခုထက်ပိုပြီး အလုပ်ပိုပြီးအောင် စနစ်တွေ ဖန်တီးတာလို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ နေ့တိုင်း ခင်ဗျား နိုးလာတာနဲ့ ခင်ဗျားမှာ အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သွားရော။ အချိန်တွေ ဘယ်လိုသုံးရမလဲ သိအောင် လုပ်ဖို့ အချိန်ဖြုန်းစရာ မလိုတော့ဘူးလေ။

ဥပမာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက တောထဲမှာ နေ့တိုင်း နေပြီး ပြေးဖို့ပဲ။ မနက် 8 နာရီ မကျော်မချင်း အီးမေးလ် ဖတ်တာ၊ အလုပ်လုပ်တာ မလုပ်ဘူး။ နေ့လည်စာမစားဘူး။ ညစာကိုလည်း အိမ်မှာ မိန်းမနဲ့အတူ ချက်ပြုတ် စားသောက်တယ်။

လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာနဲ့ မိသားစုဟာ အရေးအကြီးဆုံးအရာလို့ ကျွန်တော် ထင်တယ်။ ဒီအရေးကြီးတာတွေအပေါ် အာရုံစူးစိုက် ဆက်လက် အလုပ်နိုင်စေဖို့အတွက် အလုပ်ကို လုပ်နေရတာ။ ဒါကြောင့် ကျွန်တော်က လူတိုင်းအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်တဲ့ ငွေရှာတာထက် စိတ်ကျန်းမာရေးနှင့်် ကိုယ်ကျန်းမာရေးကို ပိုပြီး အလေးပေးဖို့ ကြိုးစားနေတာပါ။

လေ့ကျင့်ခန်းအတွက်ဆိုရင်လည်း လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ လေ့ကျင့်ခန်းတွေကို ရှာဖွေလေ့ကျင့်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်အတွက်ကတော့ Muay Thai လိုမျိုးပဲ။ ဘယ်တော့မှ အကျွမ်းကြီး ဖြစ်လာမှာ မဟုတ်ပေမဲ့ အမြဲတမ်း တိုးတက်မှုရှိနေတဲ့ ဟာမျိုးပါ။ အဲဒါနဲ့ ပတ်သက်ပြီး အရမ်းကို ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခု ရှိတယ်။ ကိုယ့်ရဲ့ ချို့ငဲ့မှုကြောင့် နေ့တိုင်း အမြဲ မပြတ် နှိမ့်ချနေရတာကို သိထားခြင်းပါပဲ။

အခြေခံအားဖြင့်- ကျွန်တော့်ဇနီးရော ကျွန်တော့်အတွက်ရော မိသားစုဟာ အရေးအကြီးဆုံး ပါပဲ။ ဒါက ကျွန်တော် အရမ်းကို ခင်တွယ်တဲ့ အရာဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့မှာ မတူညီတဲ့ မိသားစုတွေ ရှိပေမဲ့ တူတာတစ်ခုရှိတာကတော့ မိသားစုဆိုတာ ကျွန်တော်တို့ အားလုံးအတွက် အရေးအကြီးဆုံး အရာတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာက ကျွန်တော်တို့ရဲ့ သီးခြား မိသားစုနှစ်ခုကို အတူတကွ ပေါင်းစပ်ပြီး ကိုယ်ပိုင်မိသားစုတစ်ခု ဖန်တီးရတာပဲ ဖြစ်ပါတယ်။

ဘဝရဲ့ တကယ်မျက်လှည့်ဆန်တဲ့အပိုင်းက သင့်ကိုယ်သင်အတွက် ဘာဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေကို သက်ဝင်ယုံကြည်တဲ့အခါ လမ်းကြောင်းတစ်ခု ရွေးချယ်ပြီး သင် တန်ဖိုးထားတဲ့ အရာတွေအတွက် အလေးထား လုပ်ဆောင်တာပဲလို့ ထင်ပါတယ်။

လန်းဆန်းမှုဟာ ကြီးပြင်းမှုနဲ့ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပါပဲ။

'လန်းဆန်းမှု' အကြောင်းကို စဉ်းစားလိုက်တဲ့အခါ တိုးတက်မှုနဲ့ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှုဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ ဘယ်သောအခါမှ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေအကြောင်း အကြောင်းအရာ များစွာရှိပါတယ်။ ခင်ဗျားအနေနဲ့ သေးငယ်တဲ့ အရာတစ်ခုခုကို လုပ်ဆောင်ပြီး အဲဒီအရာကို တိုးတက်လာဖို့ ဆတိုး လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်းရဲ့လတ်ဆတ်မှုနဲ့ သူရဲ့ ပုံမှန်သဘာဝကို သင် နေ့တိုင်း ပိုင်ဆိုင်နိုင်ပြီး နေ့တိုင်းနေ့တိုင်း အမြဲလတ်ဆတ်မှုကို ခံစားနိုင်ပါတယ်။

နေ့စဉ်နေ့တိုင်း သင့်ကိုယ်သင် ပိုကောင်းတဲ့လူဖြစ်လာအောင် ဘယ်လိုဖန်တီးနိုင်သလဲ။ ပြီးပြည့်စုံတယ်ဆိုတာ ဘယ်သောအခါမှ ရှိလာမှာ မဟုတ်ပါဘူး။ တိုးတက်ကောင်းမွန်လာတာပဲ ရှိပါတယ်။ သင့်အနေနဲ့ တိုးတက်ကောင်းမွန်လာဖို့ ပိုပြီးကြိုးစားလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ အစားအစာ စနစ်တွေကို ပံ့ပိုးပေးသူတွေဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားကြပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ အစားအစာ စနစ်တွေအပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိပြီး အခုလက်ရှိမှာ အော်ဂဲနစ် စိုက်ပျိုးနည်းလို့ခေါ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ အကောင်းဆုံး အစားအစာစနစ်တွေကို ပံ့ပိုးပေးသူတွေဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ အပင်တွေက ရရှိတာဖြစ်ပါတယ်။ သင် နေ့တိုင်း ဟမ်ဘာဂါတွေ စားနေတယ်ဆိုရင်တောင်မှ သင့်နေ့စဉ် အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ပါဝင်ခြင်းကြောင့် သင့်မှာ အကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သင့်နေ့စဉ်အစားအစာတွေထဲမှာ အာဟာရပိုင်းအရ သင်လိုအပ်တဲ့ အရာတွေ လုံးဝ မပါဘူးဆိုရင် အဲဒီအရာတွေဆီက အကျိုးကျေးဇူးရရှိအောင် ဖြည့်စွက်စားသုံးနိုင်ပါတယ်။

အစားအစာတွေဟာ သင့်ပတ်ဝန်းကျင်က ဘက်တီးရီးယား ပိုးမွှားတွေနဲ့ပေါင်းပြီး အချဉ်ဖောက်နေတယ်ဆိုတာ တကယ့်ကို အတော်လေးအံ့သြဖို့ကောင်းပါတယ်။ ဒီတော့ သင်ဟာ သင့်ကိုယ်ပိုင်ပတ်ဝန်းကျင်ကနေပြီးတော့ အစားအစာကို အချဉ်ဖောက်ပြီး တာရှည်ခံအောင် လုပ်နေတာဖြစ်ပါတယ်။ အမှန်တကယ်တမ်းကျတော့ အဲဒါက ခင်ဗျားဆီကနေ ဖြစ်လာတာဖြစ်ပါတယ်။

ခင်ဗျားက ဆီအများကြီးနဲ့ ကြွပ်နေအောင်ကြော်ထားတဲ့ အစားအစာတွေကို စားမယ်ဆိုပေမဲ့ ခင်ဗျားရဲ့ အူထဲမှာ ကောင်းမွန်တဲ့ အဏုဇီဝပိုးမွှားတွေ ရှိနေပြီးသားဆိုရင် အဲဒီအစားအစာတွေကို အများကြီးပိုမိုလွယ်ကူစွာ ချေဖျက်နိုင်မှာဖြစ်ပါတယ်။

အစားအစာအတွက်ဆိုရင် ကျွန်တော်က သန့်ရှင်းမှုနဲ့ ရိုးရှင်းမှုက အကောင်းဆုံးလို့ ယုံကြည်ပါတယ်

ရှိပြီးသား အရာတွေကို အသုံးပြုပြီး သဘာဝပစ္စည်း အသစ်တွေကို ဖန်တီးပါ။

ကျွန်တော်တို့ လူသားတွေဟာ ထောင်စုနှစ်ပေါင်းများစွာ အမဲလိုက်ခဲ့ကြပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါဟာ ယခုအချိန်အထိ ရှိနေသေးတဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အကောင်းဆုံး အစားအစာစနစ်ဖြစ်ပါတယ်။ အဲဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွမှုကိုပေးတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ အမေရိကန်မှာ အဲဒါက ယဉ်ကျေးမှုအရ ရှေးရိုးစွဲအယူအဆဖြစ်နေပါတယ်။ အဲဒီနည်းနဲ့ရလာတဲ့ အစားအစာဟာ သင် စားသုံးနိုင်တဲ့ အရိုင်းအဆန်ဆုံး၊ အသန့်စင်ဆုံး အစားအစာဖြစ်ပါတယ်။ နောက်ပြီး အဲဒါနဲ့ပတ်သက်လို့ အင်မတန်မှ ဆွဲဆောင်မှုဖြစ်စေတဲ့ အရာတစ်ခုလည်း ရှိနေပါတယ်။

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept