ဘဝများကို နားထောင်ခြင်း
ကျွန်တော်တို့က အားလုံးကို
ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမှာပါ –
ကျွန်တော်တို့က အသေးစိတ်ကအစ
ဂရုစိုက်ပြီး လုပ်ပါတယ်
LiWen နှင့် Jeff Chang သည် ၎င်းတို့၏ ရိုးရာ ဆက်လက် ရှင်သန်နေဖို့အတွက်
ထိုင်ဝမ် လမ်းဘေး အစားအစာ တစ်ခုဖြစ်သော "Gua Bao" ကို ရောင်းချလျက်ရှိသည်။
လမ်းဘေး အစားအစာ စစ်စစ်တွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို လူသိများအောင် လုပ်ချင်ပါတယ်
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုက အရေးအကြီးဆုံး အရာပါ။ ဒါကြောင့် ကျွန်တော်တို့က နေ့တိုင်း ပျော်ရွှင်မှုဆီ ခြေတစ်လှမ်းလှမ်းပါတယ်။ သေးငယ်တဲ့ ကိစ္စလေးတွေကိုတောင် ပျော်စရာဖြစ်အောင် ကြိုးစားပါတယ်။ ကျွန်တော့်ရဲ့ ဇနီးက အသေးစိတ်ကအစ ပိုပြီး ဂရုစိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆီ ရောက်ရှိဖို့ ဒီနေ့ လုပ်ရမယ့် အရာတွေပေါ့။
အိမ်လက်ရာလို တကယ် အရသာရှိတဲ့ ထိုင်ဝမ် စားသောက်ဆိုင်မျိုးကို ဒီနားတစ်ဝိုက်မှာ ရှာမတွေ့တဲ့အတွက် အမျိုးသမီးက အိမ်မှာ ကျွန်တော့်အတွက် ဟင်းတွေ စပြီး ချက်ပေးပါတယ်။ အဲ့ဒီလက်ရာကို ပြန်လည်ဖန်တီးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ ပြီးတော့ ဒီမှာ ထိုင်ဝမ်အစားအစာ များများစားစား မရှိတဲ့အတွက် ဒီလုပ်ငန်းကို လုပ်ရင် ကောင်းမှာပဲလို့ တွေးခဲ့ပါတယ်။ ဒီအတွေးကနေ အစပြုပြီး ဒီလုပ်ငန်းကို စခဲ့တာပါပဲ။ "Gua Bao" က လမ်းဘေး အစားအစာလိုပဲ ထိုင်ဝမ်မှာ နာမည်အကြီးဆုံး ရိုးရာ အစားအစာပါ။

ကျွန်တော်တို့က Farmer's Market ကို သွားပြီး အဲဒါတွေလုပ်ဖို့ လတ်လတ်ဆတ်ဆတ် အော်ဂဲနစ်တွေ ဝယ်ပါတယ်။
Farmer's Market ကို ခဏခဏ သွားပါတယ်။ သူတို့ဆီက ထွက်တဲ့ ဟင်းသီးဟင်းရွက်တိုင်းကို ကျွန်တော်တို့ ဝယ်ပါတယ်။ ဆက်ဆံရေးလဲ အရမ်းကောင်းတယ်။ ရာသီပေါ် ဘာပဲဖြစ်ဖြစ် ဝယ်ပါတယ်။ သူတို့ စိုက်သမျှ ဟင်းသီးဟင်းရွက်တိုင်းကို ဘယ်လိုစိုက်တယ်၊ ဘယ်လို အရသာရှိတယ်၊ ဘယ်လို ချက်ရမယ်၊ ဘန်းမုန့်ထဲမှာ ဘယ်လိုသွတ်ရမယ် ဆိုတာတွေကို သူတို့က ပြောပြပေးပါတယ်။

ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဘာကြောင့် ဒီလိုအရသာရလဲဆိုတာမျိုး၊ ဘယ်နေရာကနေ ရတယ်ဆိုတာမျိုးကို ရှင်းပြပါတယ်။ သူတို့က လယ်သမားတွေဆီ အမြဲ ပြန်သွားပြီး ဝယ်ယူအားပေးကြပါတယ်။ လတ်ဆတ်တယ်။ အော်ဂဲနစ် စစ်တယ်။ ပိုးသတ်ဆေး မသုံးဘူး။ တကယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဈေးမဖွင့်ခင် မနက်စောစော အချိန်မှာ ခူးဆွတ်ပြီး ဈေးကို လာရောင်းတာ။
ကျွန်တော်တို့ သုံးတဲ့ ပစ္စည်းတွေက အရည်အသွေး ပိုမြင့်တဲ့အတွက် ကျွန်တော်တို့ဆီက အစားအစာတွေက ပိုပြီး ကောင်းနေတာပေါ့။
ဈေးထဲက ပစ္စည်းအားလုံးက အတော်များများ တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ကြတာပါပဲ။
အချက်အလက်တွေ သိအောင်လို့ ကျွန်တော်တို့ ဖောက်သည်တွေကို ဒီအကြောင်း ပြောပြပေးတယ်။ ဒါက ဘာကြောင့် စပ်သလဲ။ ဘယ်ကနေ ကျွန်တော်တို့ ဝယ်သလဲ ဆိုတာတွေပေါ့။ သူတို့က လယ်သမားတွေဆီ အမြဲ ပြန်သွားပြီး ဝယ်ယူအားပေးကြပါတယ်။
Farmer's Market မှာ သုံးတဲ့ နည်းလမ်းအများစုက ပစ္စည်းချင်း ဖလှယ်ကြတာပါ။ ကျွန်တော်တို့ရဲ့ ဘန်းမုန့်တွေကို ဟင်းအမယ်တွေ၊ ပန်းတွေ ဒါမှမဟုတ် ပျားရည်နဲ့ ဖလှယ်ပါတယ်။ ဒါက Farmer's Market မှာ ရောင်းသူအချင်းချင်း စီးပွားရေးလုပ်တဲ့ ပုံစံပါ။ ကျွန်တော်တို့ အများစုကတော့ ကိုယ့်မှာရှိတာကို အချင်းချင်း မျှဝေရတာကို ကြိုက်ပါတယ်။
ကျွန်တော်တို့ ချက်နည်းပြုတ်နည်းရဲ့ လျှို့ဝှက်ချက်က ဆော့စ်ပါ...
အဲဒါက အာရှကနေ ကျွန်တော်တို့ဝယ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ လုပ်တဲ့နည်းကတော့ ထိုင်ဝမ်တွေ သုံးတဲ့နည်းပါ။ ငယ်ငယ်တုန်းက စားခဲ့ရတဲ့ အမှတ်တရတွေပေါ့။ ကျွန်တော်တို့က နှစ်တိုင်း ထိုင်ဝမ်ကို ပြန်ပြီး ဘာတွေ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို မှတ်မိအောင် လုပ်ပါတယ်။

ကျွန်တော်တို့ရဲ့ အရသာ အကောင်းဆုံးကို ရရှိဖို့ ခရီးတွေ သွားပါတယ်
တခြားသူတွေက Gua-Bao ကို ဘယ်လိုအရသာများ ဖြစ်စေချင်လဲဆိုတာ ကျွန်တော်တို့ စိတ်ကူးကြည့်တယ်။ နာမည်ကြီး စားသောက်ဆိုင်တွေဆီသွားပြီး ကျွန်တော်တို့ကို စိတ်အားထက်သန်စေမယ့် အလားတူ အစားအစာမျိုးကို စားတယ်။ သူ့ရဲ့ Gua-Bao မှာ မီးမြှိုက် ဝက်ဗိုက်သားကို သုံးထားပြီး ကျွန်တော်တို့ကတော့ နှပ်ထားတဲ့ အသားကို သုံးပါတယ်။ သင့်ရဲ့ ချက်ပြုတတ်တဲ့ နည်းက အနံ့အရသာကို ပြောင်းစေနိုင်ပါတယ်။
ကျွန်တော့် အမျိုးသမီးက ကမ္ဘာပေါ်က Gua-Bao ရောင်းတဲ့သူတိုင်းကို ရှာတယ်။ သူတို့ ဝဘ်ဆိုက်တွေကို ကြည့်တယ်။ သူတို့ ဖန်တီးလိုက်တဲ့ အနံ့အရသာက ဘယ်လိုရှိလဲ၊ လူတွေက ဘယ်လို တုံ့ပြန်လဲဆိုတာကို သိအောင် SNS မှာလည်း ဖော်လိုလုပ်ထားလိုက်တယ်။ ဒီလုပ်ငန်းကို မစခင် ကျွန်တော့် အမျိုးသမီးက အချက်အပြုတ် သင်တန်းကျောင်းလည်း တက်လိုက်သေးတယ်။ အမေရိကန်နဲ့ ပြင်သစ် ချက်နည်းတွေ သင်ယူတယ်။ အာရှ အစားအစာတွေ ချက်တဲ့အခါ ထည့်ပြီးစဉ်းစားရမယ့် အနံ့အရသာတွေကို လေ့လာတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ရမယ့် နည်းတွေကိုရောပေါ့။
